နိုင်ငံရေးပါတီများအတွက် ဝမ်းမြောက်ဖွယ်ရာ

Views


နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေတွင် ယခင်က ပြဌာန်းထားသည့် ပုဒ်မအချို့ကို ပြန်လည်ပြင်ဆင်ထားပြီး ဖြေလျှော့မှုများ လုပ်ဆောင်ထားသည်ကို တွေ့ရသည်။

-

အဓိကအနေဖြင့် နိုင်ငံရေးပါတီများ၏ ပါတီဝင်စည်းရုံးရမည့် ရက်အကန့်အသတ်၊ ပါတီဝင်အင်အားနှင့် ပါတီရုံးခန်းဖွင့်လှစ်ရမည့် သတ်မှတ်ချက်များကို ဖြေလျှော့ပေးထားသည်ကို တွေ့ရသည်။

-


ထို့အပြင် ပါတီငွေစာရင်းကိစ္စများ၊ ပါတီပိုင်ပစ္စည်းများအား နိုင်ငံတော်ပိုင်သိမ်းယူခြင်းနှင့်ဆိုင်သည့် ပုဒ်မများ၊ မတရားအသင်း ဆက်သွယ်ခြင်းဆိုင်ရာ ပုဒ်မများနှင့် အကြမ်း ဖက်အဖွဲ့အစည်း ဆက်သွယ်မှုဆိုင်ရာ ပုဒ်မများနှင့် ပတ်သက်၍လည်း ပြန်လည်ပြင်ဆင်ထားသည်ကို တွေ့ရသည်။

-


ယနေ့ ပြန်လည် ပြင်ဆင် ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ပြည်ထောင်စုအဆင့် ပါတီများအနေဖြင့် ယခင်က ပါတီဝင်အင်အား အနည်းဆုံး တစ်သိန်း စည်းရုံးရမည့်အစား ၅၀၀၀၀ သာ စည်းရုံးရတော့မည်ဖြစ်သည်။

-

ထို့အပြင် နိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ ထက်ဝက်တွင် ပါတီရုံးခန်းဖွင့်လှစ်ရမည့်အစား မြို့နယ် အားလုံး၏ သုံးပုံတစ်ပုံခန့်တွင်သာ ရုံးခန်းဖွင့်လှစ်ရတော့မည်ဖြစ်သည်။ မှတ်ပုံတင်ကျသည့် ရက်မှ (၆) လအတွင်း သတ်မှတ်ပါတီရုံးများ ဖွင့်ရမည့်အစား ရွေးကောက်ပွဲကျင်းပမည့်ရက် မတိုင်မီအနည်းဆုံး (၃) လအတွင်း ပါတီရုံးများ ဖွင့်လှစ်ရမည် ဖြစ်သည်။

Post a Comment

Previous Post Next Post