အကြမ်းဖက်နှိမ်နင်းရေး အထူးစစ်ကြောင်းများ သိကောင်းစရာ

Views


ကျားဘီလူးစစ်ကြောင်း (သို့) အကြမ်းဖက်နှိမ်နင်းရေး အထူးစစ်ကြောင်းကြီးတွေ ဘယ်လိုဖြစ်ပေါ်လာသလဲ ဆိုတာ အကြမ်းဖျဉ်းပြောပြပါမယ်။
-
သူတို့က သမားရိုးကျတပ်မဟုတ်ပါဘူး။ ပြည်သူ့စစ်ထဲ မဝင်ချင်ဘဲ ရှေ့တန်းကျကျ တိုက်ရဲခိုက်ရဲပြီး အမျိုးဘာသာ သာသနာအတွက် စွန့်လွှတ်စွန့်စားရဲပါတယ်ဆိုတဲ့ Volunteer ပြည်သူတွေ၊ စစ်မှုထမ်းဟောင်းတွေ၊ ဆိုးသွမ်းလို့ စစ်ထောင်/အရပ်ဘက်ထောင် ကျနေတဲ့ စစ်သားတွေကို တိုက်ပွဲအတွေ့အကြုံရှိပြီး စည်းကမ်းကောင်းမွန်တဲ့ လက်ရှိတာဝန်ထမ်းဆောင်ဆဲ စစ်သည်တော်တွေနဲ့ အချိုးကျနစွာ ဖွဲ့စည်းထားတဲ့ အဖွဲ့ပါ။ အဲဒီလို စုဖွဲ့ထားတဲ့အဖွဲ့(စစ်ကြောင်းကြီး)တွေကို မြန်မာနိုင်ငံအနှံ့က လေ့ကျင့်ရေးစစ်ကျောင်းကြီး တွေမှာ စဉ်ဆက်မပြတ် လေ့ကျင့်ပေးလျက်ရှိတယ်။ အတိအကျဆို ၃၈ ကျောင်းမှာ။
-
(ဖွဲ့စည်းပုံ)
ဖွဲ့စည်းပုံကတော့ သမားရိုးကျတပ်ရင်းဖွဲ့စည်းပုံထက်ကျော်လွန်ပြီး စစ်ကြောင်းတစ်ခုကို အင်အား ၄၀၀ ကျော်နဲ့ ဖွဲ့စည်းထားတယ်။ လက်နက်တပ်ဆင်ပုံကတော့ သမားရိုးကျတပ်တွေအတိုင်း တပ်စိတ်/ တပ်စု/ တပ်ခွဲ/ စစ်ကြောင်းလက်နက် ဖွဲ့စည်းပုံအတိုင်းပဲ။ Automatic မောင်းပြန် MA-1 က စလို့ စက်လက်၊ RPG၊ ၆၀ မမ စိန်ပြောင်းအထိ အကုန်ပါတယ်။ ထူးခြားတာက သူ့မှာ Attack/ ကင်းထောက် Drone အဖွဲ့ပါ ထည့်သွင်းဖွဲ့စည်း ထားသလို Sniper Team လည်းပါဝင်နေတာ တွေ့ရတယ်။ ထိုအဖွဲ့မှာ သေနတ်/ ကျည်ဆန်ကလွဲလို့ ကျန်တဲ့အရာတွေ သယ်ဆောင်စရာမလိုတဲ့အတွက် တစ်ရက်မှာ ၁၉ နာရီကြာသည်အထိ လျင်မြန်စွာလှုပ်ရှားနိုင်အောင် တည်ဆောက်ထားတယ်။ ရိက္ခာ(ဆန်/ဆီ/ဆား) သယ်စရာမလိုပါ .. ပေါ့ပါးလွန်းလှတဲ့ ၂ ပတ်စာ MRE ရိက္ခာကိုယ်စီပါသလို တကိုယ်ရည်သုံး ဆေးဝါးအပြည့်ပါတယ်။ လိုအပ်ရင် ရိက္ခာကို ယာဉ်တင်နဲ့ ပို့ပါတယ်။


-
(Class ခွဲပုံ)
ပညာအရည်အချင်းအရ၊ ဝါသနာအရ Class တွေခွဲပါတယ်။ ပညာသည်အဖွဲ့၊ ချေမှုန်းရေးအဖွဲ့၊ နည်းပညာ အကူအဖွဲ့၊ Admin အဖွဲ့နဲ့ Command အဖွဲ့ဆိုပြီး အဖွဲ့ ၅ ဖွဲ့ခွဲပါတယ်။ အချို့က ပညာတတ်ပြီး ဘွဲ့ ၂ ဘွဲ့ရထားပေမယ့် ချေမှုန်းရေး အဖွဲ့မှာပဲ နေချင်တယ်လို့ တောင်းဆိုရင် ချေမှုန်းရေးအဖွဲ့ထဲကို ရွေ့ပေးတယ်။ တချို့က ပညာအရည်အချင်းနည်း သော်လည်း လက်ဖြောင့်သူ(မုဆိုးလို)ဖြစ်ပါက Sniper အဖွဲ့ထဲ ထည့်ပေးတယ်။ ပညာသည်အဖွဲ့က ဆက်သွယ်ရေးစက်ပိုင်းကို တာဝန်ယူပြီး ချေမှုန်းရေးအဖွဲ့က တိုက်ရဲခိုက်ရဲတဲ့ သူတွေနဲ့ ဖွဲ့စည်းတယ်။ နည်းပညာ အဖွဲ့ထဲမှာတော့ Drone ပညာရှင်တွေ၊ Sniper သမားတွေနဲ့ ဖွဲ့စည်းထားသလို Admin အဖွဲ့မှာတော့ အသက်ကြီးသူနဲ့ တွက်ချက်တတ်သူတွေ ပါဝင်ပါတယ်။ နောက်ဆုံး Command အဖွဲ့ကတော့ တိုက်ပွဲအတွေ့အကြုံရှိပြီး စည်းကမ်းကောင်းမွန်တဲ့ လက်ရှိတာဝန်ထမ်းဆောင်ဆဲ အရာရှိ/ စစ်သည်အချို့ပါပဲ။ (Ratio ကိုတော့ မဖော်ပြလို)။ အဲလို အဖွဲ့ ၅ ဖွဲ့နဲ့ Synchronize ဖြစ်အောင် ဖွဲ့စည်းထားတယ်။


-
(Special feature)
ထူးခြားချက်က .. စစ်ကြောင်းကြီး Commander သည် သမားရိုးကျတပ် Commander တွေလို ပစ်ခတ်ပိုင်ခွင့် တောင်းစရာမလို။ တိုက်ခွင့်/ ဆုတ်ခွာခွင့် တောင်းစရာမလိုပါ။ သက်ဆိုင်ရာဒေသ Commander တွေထံက လေကြောင်းနဲ့ အမြောက်ပစ်ကူ တိုက်ရိုက်တောင်းဆိုနိုင်တယ်။


တပ်ဖွဲ့ဝင်တိုင်းသည် Camp သွင်းချိန် (Refit)တွင် နေ့စဉ် လက်နက်ငယ်ကျည် ၁၀၀ ခန့် ကိုယ်စီပစ်ခတ်ရပြီး လက်နက်ကြီးသံများနဲ့ ရင်းနှီးကျွမ်းဝင်နေအောင် လေ့ကျင့်ထားပါတယ်။ ပြီးတော့ တောတွင်းနေထိုင်စားသောက် နည်းနဲ့ သံလိုက်အိမ်မြောင်ပညာရပ်မှာ လူတိုင်းသင်ကြားထားရတယ်။


SOTF (Special Operations Task Force) တွေလို အလုံးစုံမပြည့်စုံပေမယ့် အကြမ်းဖက် PDF မပြောနဲ့ EAOs တွေနဲ့တောင် တိုက်ခိုက်နိုင်ဖို့ လေ့ကျင့်ထားတယ်။ နောက်ပိုင်း သင်တန်းဆင်းတွေ ပိုပြီး ပြည့်စုံလာပါလိမ့်မယ်။ သူတို့အားလုံးဟာ ခံယူချက်နဲ့ ဝင်ရောက်လာတဲ့သူတွေချည်းပါပဲ။
-
(Coming Soon)
အခုလက်ရှိ Camp ဝင်ပြီးလို့ ရှေ့တန်းဝင်သွားတဲ့ အကြမ်းဖက်နှိမ်နင်းရေး အထူးစစ်ကြောင်းတွေရှိသလိုလက်ရှိ Special Training Camp ဝင်နေတဲ့ စစ်ကြောင်းကြီးတွေ ဆယ်ဂဏန်းထက်ရှိပြီး မကြာမီ မြန်မာပြည်အနှံ့ အထူးစစ်ဆင်ရေး တာဝန်များ ထမ်းဆောင်နိုင်တော့မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။


-
Fighting မြန်မာ့တပ်မတော်။

KT

4 Comments

  1. သူရဲကောင်းအာဇာနည်တွေပါ

    ReplyDelete
  2. အကြမ်းဖက်တွေအမြန်ဆုံးကျရှုံးပါစေ
    တပ်မတော်ကြီး တိုက်ပွဲတိုင်းနိုင်ပါစေ

    ReplyDelete
Previous Post Next Post