၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်ရေးသားထုတ်လွှင့်ခဲ့သည့် သတိပြုဖွယ် သတင်းအတုနှင့် သတင်းအမှားများ

Views


- ဇန်နဝါရီလ ၂၂ ရက်နေ့၌ မုန်းမြို့နယ်၊ အကြပ်အင်းရွာအနီးတွင် စကစတပ်ဖွဲ့ဝင်များနှင့် KNU/ PDF အဖွဲ့များ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Khit Thit မှ စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရလို့ ၇၂ ဦး သေဆုံးကာ ၇၈ ဦး ဒဏ်ရာရတယ်ဆိုပြီး သတင်းအတုများ လုပ်ကြံဖန်တီးရေးသားဖြန့်ချိထားပါသည်။


- ဆိပ်ဖြူမြို့နယ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ် လစခ(၉)တွင် ဒေသခံများအား ဖမ်းဆီးထားတဲ့ဖြစ်စဉ်မရှိဘဲ Mizzima မှ စကစတပ်ဖွဲ့ဝင်များအား အများပြည်သူများ အမုန်းပွားစေရန် လုပ်ဇာတ်ဆင်ပြီး သတင်းအမှားများလိမ်ညာရေးသားထားပါသည်။

- ဇန်နဝါရီလ ၂၅ ရက်နေ့၌ ငါန်းဇွန်မြို့နယ်၊ မင်းကြီးကြပ် ကျေးရွာနှင့်ညောင်လေးပင်ကျေးရွာအနီးတွင် စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိဘဲ Khit Thit မှ စကစတပ်ဖွဲ့ဝင်များ မိုင်းဆွဲခံရလို့ ၃ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ  သတင်းအမှားများရေးသားဖြန့်ချိထားပါသည်။

- ဇန်နဝါရီလ ၁၅ ရက်နေ့၌ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာတံတားအနီးတွင် စကစတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စကစတပ်ဖွဲ့ဝင် ၁ ဦး သာ ကျဆုံးခဲ့သော်လည်း Khit Thit မှ စကစတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးတယ်ဆိုပြီး သတင်းအမှားများရေးသားဖြန့်ချိထားပါသည်။

- ဇန်နဝါရီလ ၂၄ ရက်နေ့၌ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ စာသင်ကျောင်းအနီးတွင် စကစတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စကစတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့သော်လည်း Khit Thit မှ ပုံကြီးချဲ့၍ စကစတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကာ ၂ ဦ ဒဏ်ရာရတယ်ဆိုပြီး သတင်းအမှားများရေးသားဖြန့်ချိထားပါသည်။

- ဇန်နဝါရီလ ၂၅ ရက်နေ့၌ တနင်္သာရီမြို့နယ်၊ ထုံမခါကျေးရွာအနီးတွင် စကစတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စကစတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိခဲ့သော်လည်း Khit Thit မှ ပုံကြီးချဲ့၍ စကစတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးကာ ၁၃ ဦ ဒဏ်ရာရတယ်ဆိုပြီး သတင်းအမှားများရေးသားဖြန့်ချိထားပါသည်။

- ဇန်နဝါရီလ ၂၆ ရက်နေ့၌ တနင်္သာရီမြို့နယ်၊ ထုံတော်ကျေးရွာအနီးတွင် စကစတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့သော်လည်း Khit Thit မှ စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရလို့ ၁ ဦး သေဆုံးတယ်ဆိုပြီး သတင်းအတုများရေးသားဖြန့်ချိထားပါသည်။

- ဇန်နဝါရီလ ၂၆ ရက်နေ့၌ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကိုးရီးယားဆိပ်ကမ်းတွင် စက်လှေ/ဘုတ်သမားများကို စကစတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခြင်းမရှိခဲ့သော်လည်း DVB မှ စကစတပ်ဖွဲ့ဝင်များအား အများပြည်သူများ အထင်မှားပြီး မုန်းတီးလာစေရန် အပုတ်ချ၍ သတင်းအမှားများရေးကာ ဖြန့်ဝေထားပါသည်။

- ဇန်နဝါရီလ ၂၇ ရက်နေ့၌ ဘုတလင်မြို့၊ ကြောင်ပန်းဂိတ်တွင် စကစတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မရှိခဲ့သော်လည်း DVB မှ ဒရုန်းဖြင့် တိုက်ခိုက်ခံရလို့ စကစတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးတယ်ဆိုပြီး သတင်းအတုများရေးသားဖြန့်ချိထားပါသည်။

- ကော့ကရိတ်မြို့ရှိ ပြည်သူပိုင်နေအိမ်များအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ ခရိုင်ကျေးလက်မွေး/ကု၊ ဆည်မြောင်းရုံးနေရာ၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်တွင် ရပ်ကွက် (၅၊ ၇)နေရာ၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ရပ်ကွက် (၇)နေရာ၊  ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ရပ်ကွက် (၇)နေရာ၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်တွင် အမှတ် (၇) ရပ်ကွက်နေရာ၊ ဇန်နဝါရီလ ၁၄ ရက်တွင် အမှတ် (၃) ရပ်ကွက်နေရာ၊ ဇန်နဝါရီလ ၂၅ ရက်တွင် ရပ်ကွက်(၅)နေရာနှင့် ဇန်နဝါရီလ ၂၇ ရက်တွင် အ.မ.က (တောင်ပေါ်ရပ်)ကျောင်းနေရာများအား KNU/ PDF အဖွဲ့များက ၈ ကြိမ်တိုင်တိုင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး မီးငြိမ်းသတ်သူ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးအဖွဲ့ဝင်များကိုလည်း နှောက်ယှက်ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ KNU/ PDF အဖွဲ့တွေက ပြည်သူပိုင်နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းကို Ayeyarwaddy Times မှ စကစတပ်ဖွဲ့ဝင်များအား အများပြည်သူများ မုန်းတီးစေရန် အပုတ်ချကာ ဗြောင်လိမ်ရေးသားဖြန့်ချိထားပါသည်။

- ဇန်နဝါရီလ ၂၈ ရက်နေ့၌ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သမင်ခြံရွာအနီးတွင် စကစတပ်စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရန် ချောင်းမြောင်းနေတဲ့ PDF အဖွဲ့အား စကစတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ရာ  ၃၅ နှစ်အရွယ် PDF ၁ လောင်း၊ လက်လုပ် သေနတ် ၁ လက်၊ကျည်အိမ် ၇ ခု၊ လက်လုပ်မိုင်း ၄၅ လုံး၊ လက်ပစ်ဗုံး ၁ လုံးနှင့် ပြောက်ကျားယူနီဖောင်း ၂ စုံတို့ သိမ်းဆည်းရရှိခြင်းကို  RFA မှ အမှန်မရေးဘဲ စကစတပ်ဖွဲ့ဝင်များအား အများပြည်သူများ အထင်အမြင်လွဲမှားစေရန် အပုတ်ချကာ  PDF သေတာကို ပြည်သူပါဆိုပြီး ဗြောင်လိမ်ရေးသားဖြန့်ချိထားပါသည်။


FACT CHECK

https://t.me/factcheckmm

Post a Comment

Previous Post Next Post