၂၇ / ၁ / ၂၀၂၄ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲသတင်း

Views


(ရမ်းဗြဲမြို့)
ယနေ့ညနေ ၅ နာရီခန့်က ရမ်းဗြဲမြို့၊ ကျေးလက်ဦးစီးဌာနရုံးအတွင်း ခိုအောင်းနေပြီး မြို့အတွင်း အကြမ်းဖက်မှုများ လုပ်ဆောင်နေသည့် AA အကြမ်းဖက်အဖွဲ့အား တပ်မတော်စစ်ကြောင်းမှ ဝင်ရောက်ရှင်းလင်းရာ နှစ်ဖက်တိုက်ပွားခဲ့ပြီး AA အကြမ်းဖက်အဖွဲ့ဝင်များ အဆိုပါရုံးအတွင်းမှ ထွက်ပြေးသွားကြကြောင်း၊ ထိုအပြင်ချောင်းတစ်ဖက်ကမ်းရှိ အိမ်များအားဖောက်ထွင်းနေသည့် AA အကြမ်းဖက်အဖွဲ့များမှ ၎င်းတို့ဖောက်ထွင်းထားသည့် သက်သေများမကျန်စေရန် အိမ်များအား မီးရှို့လျက်ရှိကာ ထိုသို့မီးလောင်မှုကိုမူ “တပ်မတော်မှလေကြောင်းမှ တိုက်ခိုက်မှုကြောင့်”ဟု ခေါင်းစဉ်တပ်၍ လူမှုကွန်ယက်များမှတဆင့် ဝါဒဖြန့် လှုံ့ဆော်လျက်ရှိနေသည်။
-
(မြောက်ဦးမြို့)
ယနေ့ညနေ ၆ နာရီခန့်က ၅၄၀ တပ်အနီးရှိ ရွှေတောင်ကာကင်းကုန်းအား AA အကြမ်းဖက်အဖွဲ့ဝင်များမှ လာရောက်တိုက်ခိုက်နေသဖြင့် လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး လေကြောင်းပစ်ကူ/ အမြောက်ပစ်ကူများဖြင့် ပစ်ခတ်ချေမှုးလျက်ရှိနေကြောင်း သိရှိရသည်။
-
(ကျောက်တော်မြို့)
ယနေ့နံနက်ပိုင်းက နယ်မြေခံတပ် ၃၇၅ အနီးရှိ ကာကင်းကုန်းအား AA အကြမ်းဖက်အဖွဲ့ဝင်များမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ နှစ်ဖက်ရင်ဆိုင်ထားကြောင်း သိရှိရသည်။
-
(မင်းပြားမြို့)
ယနေ့နံနက်ပိုင်းက နယ်မြေခံတပ်ရင်းများဖြစ်သည့် ၃၇၉ နှင့် ၅၄၁ တပ်တို့အား AA အကြမ်းဖက်အဖွဲ့မှလာရောက်တိုက်ခိုက်ခဲ့သော်လည်း တပ်မတော်သားများနှင့် မှီခိုရဲမေများမှ မိမိတို့၏ တပ်ဌာနချုပ် ရန်သူ့လက်အောက်သို့ မကျရောက်စေရေးအတွက် အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်ခြင်း၊ လေကြောင်းပစ်ကူ/ လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ကူပေးချေမှုန်းချင်းတို့ကြောင့် ရန်သူများဆက်လက်တိုက်ခိုက်နိုင်ခြင်း မရှိတော့ဘဲ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြကြောင်းနှင့် ၎င်းတို့ပြန်ဆုတ်သည့် နေရာများအား လေယာဉ်ဖြင့်မျက်မြင်ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့တာကြောင့် ၎င်းတို့ဘက်မှ အထိနာနေကြောင်း သိရှိရသည်။
-
(မောင်တောမြို့)
ယနေ့နေ့လည်ပိုင်း (၂)နာရီခန့်က နှစ်နိုင်ငံနယ်စပ်အနီး မောင်တော်မြို့နယ်၊ ကွမ်းသီးပြင်ရွာအနီး နတ်မြစ်အတွင်း သွားလာနေသည့် ဒေသခံမွတ်ဆလင် လောင်းလှေ (၆)စီးအား AA အကြမ်းဖက်အဖွဲ့မှ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် မွတ်ဆင်များ သေဆုံး/ဒဏ်ရာရမှုများရှိခဲ့ပြီး တစ်ချို့မှာ ရေထဲခုန်ချခဲ့မှုကြောင့် လွတ်မြောက်ခဲ့ကြကြောင်း၊ အဆိုပါလောင်းလှေများနှင့် လှေပေါ်ပါကုန်ပစ္စည်းများအား AA အကြမ်းဖက်အဖွဲ့မှ ၎င်းတို့နေရာသို့ယူဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိသူများထံမှ သိရှိရသည်။

-
နှစ်ဖက်တိုက်ပွဲများအတွင်း တပ်မတော်သားအချို့ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း၊ အဆိုပါနေရာများမှလွဲ၍ ကျန်မြို့များတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်းနှင့် AA အကြမ်းဖက်အဖွဲ့ စခန်းရှိရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နှိမ်နင်းခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းများရှိခဲ့ကြောင်း သိရှိရသည်။
-
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ နှစ်ဖက်အပစ်ရပ်ငြိမ်းချမ်းရေးဆောင်ရွက်မှုအား ဖောက်ဖျက်ကာ ရခိုင်ပြည်နယ်အတွင်း မြို့/ရွာများအား လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူနေထိုင်ရနေရာများ/ဈေးများအား Drop Boom များကြဲ၍ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်ဆက်ခြင်း၊ လူသစ်အတင်းအဓမ္မဖမ်းဆီးခြင်း၊ ပြည်သူ့စစ်သင်တန်း မတက်မနေရတက်ခိုင်းက သင်တန်းပြီးပါက ရှေ့တန်းစစ်မြေပြင်သို့စေလွှတ်ခြင်း စသည့် အကြမ်းဖက်မှုများအား နေ့စဉ်လုပ်ဆောင်နေသည့်အပြင် နယ်မြေခံ တပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများ၊ မြို့များအား တိုက်ခိုက်နေသည့်အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များမှ အရေးကြီးနေရာများ၊ တပ်ရင်းဌာနချုပ်နှင့် စခန်းများ ရန်သူ့လက်အောက် မကျရောက်စေရေးအတွက် အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်ချေမှုန်းလျက်ရှိနေသည်။

#MinChitOo

Post a Comment

Previous Post Next Post