Breaking News

Views


မြန်မာနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၉၅၉ ဦးတို့အား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းရန် ယာဉ် ၁၆ စီးဖြင့် ပို့ဆောင်ချီတက်စဉ် ဇန် ၂၇ ရက်၊ ည ၁၁ နာရီချိန် မိုင်းပျဉ်းမြို့နား အရောက်တွင် တရုတ်နိုင်ငံသား ၁၀ ဦးမှာ ကားပေါ်မှ ခုန်ချထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ၄ ဦးအား ပြန်လည်ဖမ်းဆီးရမိခဲ့သည်။
-
ပြန်လည်ဖမ်းဆီးရမိ တရုတ်နိုင်ငံသား ၄ ဦးထဲမှ တစ်ဦးသည် လုံခြုံရေးတပ်ဖွဲ့ဝင်ကိုင်ဆောင်ထားသော MA-2 သေနတ်အား လုယူသဖြင့် မတော်တဆ ကျည်ပေါက်ထွက်ကာ လုယူသူ တရုတ် ၁ ဦး သေဆုံးသွားပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါသည်။
-
တရုတ်နိုင်ငံသား ၆ ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း သိရှိရပါသည်။


#ခင်ညိုချော

Post a Comment

Previous Post Next Post