၂၉ / ၁ / ၂၀၂၄ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲသတင်း

Views


(ကျောက်တော်မြို့နယ်)
ယနေ့န့နက်ပိုင်းက ကျောက်တော်တပ်မဌာနချုပ်၊ ၃၇၄ ၊ ၃၇၆ တပ်ရင်းတို့အား AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီး၊ငယ်များဖြင့်လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သားများမှ အပြင်းအထန် ပြန်လည်ခုခံတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ကူ/ လေကြောင်းပစ်ကူများဖြင့် ချေမှုန်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိ ရင်ဆိုင်ထိန်းချုပ်ထားနိုင်ကြောင်း သိရှိရသည်။
-
(ဘူးသီးတောင်မြို့နယ်)
ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့သို့ဆက်သွယ်ထားသည့် ဖုံညိုလိပ်တံတား(စိုင်းတောင်တံတား) နှစ်ဖက်၌ လုပ်ခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားများအား AA အကြမ်းဖက်သောင်းကျန်းသူ များမှ လာရောက်တိုက်ခိုက်ခဲ့ရာ တစ်နေ့လုံးနှစ်ဖက်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်းနှင့် လက်ရှိအချိန်ထိ တပ်မတော်သားများမှ ရင်ဆိုင်ထိန်းချုပ်ထားနိုင်ကြောင်းသိရှိရသည်။
-
(မင်းပြားမြို့)
ယနေ့တွင် နယ်မြေခံတပ်ရင်းများဖြစ်သည့် ၅၄၁ တပ်ရင်းဌာနချုပ်အား AA အကြမ်းဖက်အဖွဲ့မှ လာရောက်တိုက်ခိုက်ခဲ့သော်လည်း တပ်မတော်သားများနှင့် မှီခိုရဲမေများမှ မိမိတို့၏ တပ်ဌာနချုပ် ရန်သူ့လက်အောက်သို့ မကျရောက်စေရေးအတွက် အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်ခြင်း၊ လေကြောင်းပစ်ကူ/ လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ကူပေးချေမှုန်းချင်းတို့ကြောင့် ရန်သူများဆက်လက် တိုက်ခိုက်နိုင်ခြင်း မရှိတော့ဘဲ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြကြောင်း၊ ၎င်းတို့ပြန်ဆုတ်သည့် နေရာများအား လေယာဉ်ဖြင့်မျက်မြင်ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ မင်းပြားတပ်နယ် ရန်သူ့လက်အောက် မကျရောက်စေရေးအတွက် ၃၈၀ တပ်မှ အရာရှိ၊ စစ်သည်၊ ရဲမေများ အခြားတပ်သို့သွားရောက်ပူးပေါင်း၍ ပြန်လည်ခံစစ်ဆင် တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး လက်ရှိအချိန်ထိ ရင်ဆိုင်ထိန်းချုပ်ထားကြောင်း သိရှိရသည်။ ထိုအတူ ယခင်ရောက်ရှိနေသည့် စစ်ကူတပ်များအပြင် နောက်ထပ်စစ်ကူတပ်စစ်ကြောင်းများလည်း ယနေ့နေ့လည်ပိုင်းက ကမ်းထိုးရေယာဉ်များဖြင့် ရောက်ရှိသွားပြီဖြစ်ပြီး နယ်မြေရှင်းလင်းရေး၊ နယ်မြေခံတပ်များနှင့် အမြန်ဆုံးပေါင်းစည်းနိုင်ရေး လုပ်ဆောင်နေပြီဖြစ်ကြောင်း သတင်းကောင်း ကြားသိရပါသည်။
-
(မြောက်ဦးမြို့)
ယနေ့ညနေပိုင်းက နယ်မြေခံတပ်ဖြစ်သည့် ၅၄၀ တပ်ရင်းဌာနချုပ်အား AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းအပြင် လက်နက်ငယ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည် ခုခံတိုက်ခိုက်ချေမှုန်းခဲ့ရာ အလောင်းလက်နက်များရရှိထားပြီး သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြကြောင်း သိရှိရသည်။
-
နှစ်ဖက်တိုက်ပွဲများအတွင်း တပ်မတော်သားများနှင့် မှီခိုရဲမေအချို့ နိုင်ငံတော်အတွက် အသက် ပေးလှူခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း၊ အဆိုပါနေရာများမှလွဲ၍ ကျန်မြို့များတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်းနှင့် AA အကြမ်းဖက်အဖွဲ့ စခန်းရှိရာများသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်နိမ်နင်းခြင်း လေကြောင်းမှ ဗုံးကြဲခြင်းများရှိခဲ့ကြောင်း သိရှိရသည်။
-
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ နှစ်ဖက်အပစ်ရပ်ငြိမ်းချမ်းရေးဆောင်ရွက်မှုအား ဖောက်ဖျက်ကာ ရခိုင်ပြည်နယ်အတွင်း မြို့/ရွာများအား လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူနေထိုင်ရာ နေရာများ/ ဈေးများအား Drop Boom များကြဲ၍ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်ဆက်ခြင်း၊ လူသစ်အတင်းအဓမ္မဖမ်းဆီးခြင်း၊ ပြည်သူ့စစ်သင်တန်း မတက်မနေရတက်ခိုင်းက သင်တန်းပြီးပါက ရှေ့တန်းစစ်မြေပြင်သို့စေလွှတ်ခြင်း စသည့် အကြမ်းဖက်မှုများအား နေ့စဉ်လုပ်ဆောင်နေသည့်အပြင် နယ်မြေခံ တပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများ၊ မြို့များအား တိုက်ခိုက်နေသည့်အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များမှ အရေးကြီးနေရာများ၊ တပ်ရင်းဌာနချုပ်နှင့် စခန်းများ ရန်သူ့လက်အောက် မကျရောက်စေရေးအတွက် အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်ချေမှုန်းလျက်ရှိနေသည်။



#MinChitOo

Post a Comment

Previous Post Next Post